
ဒီနှစ်မှအသစ်ထွက်ရှိလာတဲ့ စပိန်စကားပြောရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအမျိုးအစားက Romance/Comedy အမျိုးအစားဖြစ်ပြီး ပေါပေါ့ပါးပါး ကြည်ရှုလို့ရမဲ့ ဟာသဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်ကားနာမည်ရဲ့အဓိပ္ပာယ်က စပိန် ကျေးလက်ဒေသရောက် Hipster တစ်ယောက်လို့ အဓိပ္ပာယ်ရပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ လီနာနဲ့ ကီကေးက အတူနေချစ်သူတွေဖြစ်ပြီး Progressive နိုင်ငံရေးပါတီတစ်ခုမှာ ပါဝင်လှုပ်ရှားနေကြတဲ့ Activist တွေဖြစ်ပါတယ်။ တစ်နေ့မှာ ကီကေးက စပိန်ကျေးလက်ဒေသပြုပြင်ပြောင်းလဲရေးအစီအစဥ်အရ ဝေးလံခေါင်သီတဲ့ လာကညာဒါလို့ခေါ်တဲ့တောမြို့လေးကိုစေလွှတ်ခံရပါတယ်။ တကယ်တော့ လီနာနဲ့သူ့အထက်လူကြီး ဂတ်စပါတို့နှစ်ယောက်တိုင်ပင်ပြီး ကီကေးကိုကန်ထုတ်လိုက်တဲ့သဘောပါ။ မြို့လေးကိုရောက်သွားချိန်မှာတော့ လိင်တူအခွင့်အရေး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကျားမတန်းတူရေးနဲ့ တိရစ္ဆာန်အခွင့်အရေးတွေကို ပါးစပ်ကမချတဲ့ မက်ဒရစ်မြို့သားကီကေးနဲ့ ရှေးအစဥ်အလာတွေကို ထိန်းသိမ်းဖက်တွယ်ထားတဲ့ လာကညာဒါမြို့သူမြို့သားတို့အကြား ပဋိပက္ခတွေဖြစ်ပေါ်လာပါတော့တယ်။ ရှေးရိုးစွဲမြို့လေးကို ပြုပြင်ပြောင်းလဲမယ်ဆိုပြီး ကီကေးတစ်ယောက် မြို့တော်ဝန် ဝင်အရွေးခံဖို့ကြိုးစားရာကနေ ဘာတွေဆက်ဖြစ်မလဲကြည့်ရှုရမှာပါ။ ဇာတ်အိမ်ကရိုးရှင်းပေမဲ့ ပေါ့ပေါ့ပါးပါးနဲ့ ကြည်နူးစရာဇာတ်လမ်းလေးဖြစ်ပြီး စပိန်နိုင်ငံကျေးလက်မြို့လေးတစ်ခုမှာ တည်ထားတာဖြစ်လို့ ဥရောပကျေးလက်ရဲ့အငွေ့အသက်တွေကို တဝကြီးတွေ့မြင်ရမှာပါ။ ဥရောပရုပ်ရှင်နှစ်သက်သူများ ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfemhein
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.7 GB | Download | |
| 1080p | 1.7 GB | Download | |
| 1080p | 1.7 GB | Download | |
| 1080p | 1.7 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director