
IMDb 6.4/10 ဒီတစ်ခါတော့ တူရကီဇတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးပါ့မယ်။တူရကီဇတ်ကားတွေကိုတော့“အိုင်လာ(Ayla)”ဆိုတဲ့ကိုးရီးယားစစ်ပွဲနောက်ခံကားနဲ့တင်အထင်မသေးရဲတော့တာပါ။”အိုင်လာ”ကရုပ်ရှင်ကြည့်လို့ငိုရရင်ရှက်လို့မငိုဘူးကွဆိုပြီးမျက်ရည်ကျရတဲ့ကားပါ။ ဇတ်လမ်းအကျဥ်း အသက်သုံးဆယ်ကျော်“မတ်ထ်”ကမြို့တော်အစ္စတန်ဘူလ်မှာအလုပ်လုပ်နေပါတယ်။သူ့အဖေသေလို့အသုဘအခမ်းအနားအတွက်ပြန်လာပါတယ်။မတ်ထ်တို့အိမ်က တူရကီမြောက်ပိုင်း မြို့ငယ်လေးနားက တောင်တန်းတွေနဲ့လက်ဖက်စိုက်ခင်းတွေနားမှာရှိပါတယ်။။မတ်ထ်တို့ကလက်ဖက်ခင်းတွေကိုပိုင်ပါတယ်။သူတို့အိမ်မှာသူတို့ဦးလေးမိသားစုနဲ့သူ့အဖေငှါးထားတဲ့အလုပ်သမားမိသားစုပါအတူနေကြပါတယ်။ရုပ်ရှင်က သူ့အဖေကိုမြှုပ်ဖို့ သူ့အဖေကသူ့ညီကို ပြထားတဲ့နေရာမှာကျင်းတူးတာနဲ့စထားပါတယ်။နောက်တော့ မတ်ထ်ရဲ့ချစ်သူလည်းအသုဘအတွက်မတ်ထ်တို့အိမ်ကိုရောက်လာပါတယ်။ မတ်ထ်ရဲ့ဦးလေးက သင်္ဂြိုဟ်တော့မယ်လုပ်ခါမှ အဒေါ်ကရက်ရွှေ့ဖို့ပြောလာပါတယ်။ဦးလေးကသဘောမတူပေမဲ့ရက်ရွှေ့ပေးလိုက်ရပါတယ်။မြို့တော်ဝန်လည်း ဝမ်းနည်းစကားပြောဖို့ရောက်လာပါတယ်။မတ်ထ်ကိုအဒေါ်က လက်ဖက်ခင်းတွေကိုဦးစီးဖို့နဲ့ မဦးစီးနိုင်ရင် လုပ်သင့်တဲ့ကိစ္စတွေကိုလာပြောပါတယ်။မတ်ထ်ကသူ့ချစ်သူနဲ့လည်းရှင်းရမယ့်ကိစ္စရှိနေပါတယ်။သူ့အဖေရဲ့အလုပ်သမားကလည်း မတ်ထ်ကိုအကူအညီတစ်ခုတောင်းလာပါတယ်။မတ်ထ်က မြို့ငယ်လေးထဲဖုန်းပြင်ဖို့မုန့်ဝယ်ဖို့တွေသွားရင်း ပြဿနာတစ်ခုပြီးတစ်ခုတက်ပါတယ်။ မတ်ထ်တက်တဲ့ပြဿနာတွေကဘာလဲသူ့ချစ်သူနဲ့ဘာကိုရှင်းကြလဲ သူ့အဖေအလုပ်သမားက ဘာအကူအညီတောင်းလဲသူ့အဖေကိုဘယ်လိုသင်္ဂြိုဟ်လိုက်လဲဆိုတာတော့ဖန်သားပြင်ပေါ်မှာဆက်ကြည့်နိုင်ပါတယ်။ရုပ်ရှင်ရဲ့ထူးခြားချက်ဒီရုပ်ရှင်မှာဂီတသံကိုသုံးမထားပါဘူး။သဘာဝအသံတွေကိုသုံးထားပါတယ်။ဒါကလည်းထူးခြားပါတယ် ညဘက်ဆို ပုဇဥ်းရင်ကွဲအော်နေတဲ့အသံမျိုးတွေပါ။ ရှု့ထော့င်တစ်ခုကပဲပုံသေရိုက်ပါတယ်။မျက်နှာအမူအရာတွေ ခံစားချက်တွေကိုအသားမပေးပါဘူး။ဒါက ပြောတဲ့စကားတွေကိုအပြည့်အဝအာရုံစိုက်မိစေပါတယ်။တစ်ချို့ အချီအချစကားတွေက ပရိသတ်ကိုပြုံးမိရယ်မိစေပါလိမ့်မယ်။ရိုးရှင်းပေမဲ့ယူတဲ့ရှု့ထောင့်နဲ့ရိုက်ချက်တွေကကိုပြောချင်တာတွေကိုပြောင်ပြောင်မြောက်မြောက်ပြောသွားနိုင်တယ်လို့ထင်ပါတယ်။ ဒီဇတ်ကားဟာ နေ့စဥ်ဖြစ်ပျက်နေတဲ့အရာလေးတွေကိုရိုးရိုးရှင်းရိုက်ပြသွားတာပါ။တွေးစရာတွေတော့အများကြီးရပါတယ်။သေသွားတဲ့သူကသေသွားပြီ ရှင်တဲ့လူတွေကလည်းပူဆွေးတာထက် သူတို့ပြဿနာနဲ့သူတို့ ဆက်ပြီးရှင်သန်အောင်ကြိုးစားကြရတာမျိုးပါ။ တူရကီရဲ့ပညာရေး အလုပ်အကိုင်ရရှိရေးနဲ့ အစိုးရစနစ်တစ်ချို့ကိုလည်းတစ်စေ့တစ်စောင်းတွေ့ရမှာဖြစ်ပါတယ်။နိုင်ငံတွေသာကွဲတယ် ရင်ဆိုင်နေရတာတူနေပါလား တွေးမိတာမျိုးပါ။သေခြင်းကောင်းဖို့ ရှင်နေတဲ့အချိန်ဘာတွေလုပ်ရမလဲပေးထားတဲ့ မက်ဆေ့ဂျ်ကလည်းသဘောကျစရာပါ။ အကြိုက်ဆုံးက နောက်ဆုံးအခန်းပါ။သင်တရားတော်တော်ရသွားနိုင်ပါတယ်။နောက်ဆုံးအခန်းက ရိုးလွန်းလို့ဆန်းပြီးမျက်စိထဲကပါမထွက်တော့တာ ဒါရိုက်တာနဲ့ ဇတ်ညွှန်းဆရာတွေရဲ့ သမ္ဘာပါပဲ။ကြည့်ကြည့်လိုက်ပါ သဘောကျမှာပါ။ File size…(1 GB)/(873 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Khin Sakar Khin
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1 GB | Download | |
| 1080p | 1 GB | Download | |
| 1080p | 1 GB | Download | |
| 720p | 873 MB | Download | |
| 720p | 873 MB | Download | |
| 720p | 873 MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director