
A Good Year (2006) IMDb Rating (6.9) ဒါရိုက်တာကြီး Ridley Scott ရဲ့ ထူးထူးဆန်းဆန်း Comedy,Romance,Drama ရုပ်ရှင်ဇာတ်ကားလေးပါ။ မင်းသားကြီး Russell Crowe နဲ့ Taxi မင်းသမီးအဖြစ်မှတ်မှတ်ထင်ထင်ရှိရတဲ့ ပြင်သစ်မင်းသမီးချော Marion Cotillard တို့အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့…. ကလေးဘဝကတည်းက မိဘတွေ ဆုံးပါးသွားပြီး၊ ဦးလေးဟင်နရီရဲ့ စောင့်ရှောက်မှုအောက်မှာ ကြီးပြင်းခဲ့ရတဲ့ မက်စ်စကင်နာ။ အရွယ်ရောက်တော့ လန်ဒန်မှာ အခြေချပြီး ဦးလေးဖြစ်သူနဲ့ နှစ်ပေါင်းများစွာ အဆက်အသွယ်ပြတ်တဲ့အထိ အလုပ်အရမ်းလုပ်ရင်း ငွေနောက်အရမ်းလိုက်ရင်း တစ်ကိုယ်ကောင်းဆန်သူ ကိုယ့်အတွက်ပဲကိုယ်ကြည့်တဲ့သူတစ်ယောက် ဖြစ်မှန်းမသိဖြစ်ခဲ့ပါတော့တယ်။ ဒါပေမဲ့ တနေ့ ဦးလေးဖြစ်သူ ဆုံးပါးသွားတဲ့အချိန်မှာတော့ ဦးလေးဖြစ်သူရဲ့ ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းရယူဖို့ ဖြစ်လာပါတော့တယ်။ အဲဒီအတွက် နှစ်ပေါင်းများစွာ မရောက်ဖြစ်တဲ့ ငယ်ဘဝကြင်လည်ရာပြင်သစ်တောင်ပိုင်းက မြို့ငယ်ကလေးကို သွားရောက်ရင်း ငွေပုံကြားထဲမှာနေ့စဉ် ဘဝကိုဖြတ်သန်းနေရတဲ့ အသည်းမာသူ မက်စကင်နာရဲ့ဘဝအချိုးအကွေ့တွေ က ဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာကတော့…..။ အေးအေးလေးနဲ့ချစ်စရာကောင်းတဲ့ရုပ်ရှင်ကားလေးမလို့ ကြည့်ရှုခံစားပေးပါဦး။