
IMDb Rating - 6.2/10 ဂီတဝါသနာရှင်တို့အတွက် inspiring ဖြစ်စရာဂီတ ရုပ်ရှင်လေး တစ်ပုဒ် ထပ်မံထွက်ရှိလာပါတယ်။ ဒီဇာတ်လမ်းဟာ ကန်းထရီး သီချင်းတွေ ကြိုက်နှစ်သက်သူတွေအတွက်လည်း ဘ၀င်ကျစရာ ဇာတ်လမ်းတစ်ပုဒ်ပါ။ ပါ၀င်တဲ့ ဇာတ်၀င်တေးတွေကလည်း ကန်းထရီးသီချင်းတွေပီပီ မြုးကြွချိုမြနေပါတယ်။ ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက်ကျော်မလေးကတော့ ဟေးလီဆိုတဲ့ ကောင်းဘွိုင်မလေးပါပဲ။ သူဟာ ဂီတကို ဝါသနာပါပြီး အဘွားဖြစ်သူလို နာမည်ကျော် အဆိုတော် ဖြစ်ချင်သူပါ။ တစ်နေ့တော့ ဟေးလီရဲ့ အဖေဟာ သူ မကျူးလွန်တဲ့ ပြစ်မှုအတွက် ထောင်ကျသွားတော့ မိခင်ဖြစ်သူမှာ သားအမိသုံးယောက်စာ ငွေရှာရ ခက်ခဲတဲ့အတွက် ဟေးလီတို့ညီအစ်မ နှစ်ယောက်ကို အဖွားဖြစ်သူနဲ့အတူ နေစေခဲ့ပါတယ်။ ဒီလိုနဲ့ ဟေးဘီ တစ်ယောက်ဂီတ လမ်းကြောင်းပေါ် ရောက်မယ့် ကံကြမ္မာနဲ့ ဆုံလာခဲ့ပါတယ်။ ဟေးလီရဲ့ အဘွားဖြစ်သူ စေတနာ့၀န်ထမ်းလုပ်တဲ့ လူမှုရေးစင်တာတစ်ခုမှာ ဟေးလီ ဂစ်တာတီးသီချင်းဆိုနေတာကို ရုဖက်စ်ဆိုတဲ့ ကောင်လေးက ကြားသွားပြီး တေးရေး-တေးဆိုလုပ်ဖို့ သူ့ကို ကမ်းလှမ်းလာပါတော့တယ်။ ဒါပေမယ့်ပထမဆုံး ဖျော်ဖြေမှုမှာ စင်ကြောက်ပြီး မဖျော်ဖြေနိုင်ခဲ့တဲ့အပြင် ကိုယ်စားလှယ်ကပါ အပြစ်တင်လိုက်တော့ ဟေးလီစိတ်ဓာတ်တွေ အောက်ဆုံးထိ ထိုးကျသွားပြီး လုံး၀ သီချင်းမဆိုဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ သို့ပေမဲ့ ရုဖက်စ်က သူ့ကို ပြန်လာခေါ် ပြီးအဆိုတော်ကောင်း ဖြစ်နိုင်ဖို့ ပြန်လေ့ကျင့်ပေးတဲ့ အချိန်မှာ သူ့ရဲ့ အနာဂတ်လေးဟာပြန်လည် ထွန်းလင်းတောက်ပလာခဲ့သလားဆိုတာကတော့ . . . (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Yoon Sandi Aung မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။) File Size - (1.75 GB) / (862 MB) / (581 MB) Quality – WEB-DL 1080p / 720p / 480P Duration - 1Hr 33Mins (@Episode) Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Music Translator – CM Team Encoder – SWM