
ကော်စတာရီကာဆိုတာနဲ့ ကမ်းရိုးတန်းတွေ၊ အပူပိုင်းသစ်တောတွေနဲ့ ဌာနေတောရိုင်းတိရစ္ဆာန်တွေကြောင့် နာမည်ကြီးလှပါတယ်။ နောက်တစ်ခုကတော့ ချစ်သူတွေအတွက် ပျားရည်ဆမ်းခရီးထွက်ဖို့ရာနေရာတစ်ခု အနေနဲ့လည်း နာမည်ကြီးပြန်တယ်။ အချစ်ရဲ့အငွေ့အသက်တွေပြည့်နေတဲ့ ကော်စတာရီကာက ချစ်သူတွေအတွက် လောကနိဗ္ဗာန်ဘုံ တစ်ခုဖြစ်သလို အသည်းကွဲနေတဲ့သူတွေအတွက်လည်း အချစ်ကို ပြန်လည်တွေ့ရှိနိုင်တဲ့နေရာတစ်ခုလို့ဆိုရင် မှားနိုင်မယ်မထင်ဘူး။ အသည်းကွဲနေတဲ့ ဆရာဝန်မလေး အမ်မလီတစ်ယောက် အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ဖိုဘီ နဲ့ ဂျမဲလ်တို့ရဲ့ ကော်စတာရီကာမှာလုပ်မယ့် မင်္ဂလာပွဲအတွက်ကူညီပြင်ဆင် ပေးနေသူပေါ့။ နှစ်ဖက် မိသားစုဆုံချိန်မှာတော့ သူလုံးဝကြည့်မရခဲ့တဲ့ ရိုင်ယန်ဆိုတဲ့ အမျိုးသားကပါ သတို့သားရဲ့မိသားစုဝင်အနေနဲ့ပါလာတော့ အမ်မလီတစ်ယောက် စိတ်ရှုပ်သွားခဲ့ရတယ်။ ပိုဆိုးတာကတော့ ရှပ်ပြာပြာအမ်မလီတစ်ယောက် လက်ထပ်လက်စွပ်ထည့်လာတဲ့ ကျောပိုးအိတ်ကို မျောက်တွေလုသွားတဲ့အခါ သူတို့ဘာဆက်လုပ်ကြမလဲ? မင်္ဂလာပွဲကရော ဆက်လက်ကျင်းပနိုင်မှာလား? အမ်မလီရဲ့ကြေကွဲနေတဲ့ နှလုံးသားကိုရော ကော်စတာရီကာက ကုစားပေးနိုင်မှာလား? အချစ်ဟာသကားလေးမို့ကြည့်ရတာ ပေါ့ပေါ့ပါးပါးလေးဖြစ်မှာပါ။ ကိုယ့်ကိုအမှတ်ပေးဆိုရင်တော့ 7.5/10 လောက်တော့ ပေးပါမယ်။ File size…(1.8 GB)/(1.1 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:24:00 Genre… Adventure, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Scarlet Maung