
မေပယ်ဝုဆိုတဲ့နယ်မြို့လေးက ခရစ္စမတ်စိတ်ဓာတ်အပြည့်ရှိတဲ့မြို့လေးပါ မြို့ထဲမှာ ခရစ္စမတ်ဆိုရင်ရောင်းအားအကောင်းဆုံးထိပ်တန်းလက်ရာနဲ့ ကွတ်ကီးလုပ်ငန်းတစ်ခုရှိတယ် မေပယ်ဝုမြို့မှာ "ခူးပါကွတ်ကီး"ဆိုရင်မသိတဲ့သူမရှိသလောက်ပါပဲ...။ "ခူးပါကွတ်ကီး"လုပ်ငန်းတည်ထောင်သူအဖွားခူးပါမရှိတော့တဲ့နောက်မှာ နယူးယော့ခ်မြို့ကလာတဲ့ မြေးမလေးအန်နီခူးပါ က "ခူးပါကွတ်ကီး"ရဲ့CEOဖြစ်လာခဲ့တယ်။ မြို့ကြီးပြကြီးကလာတဲ့ အန်နီခူးပါတစ်ယောက် နယ်မြို့လေးက ကွတ်ကီးဆိုင်ပိုင်ရှင်ဖြစ်လာတဲ့အခါ လုပ်ငန်းအသုံးစရိတ်တွေကိုလျှော့ချတော့တယ်။ အန်နီခူးပါရဲ့ လုပ်ဆောင်ချက်တွေကြောင့် ရှယ်ယာရှင်တွေအပါအဝင် တစ်မြို့လုံးက အန်နီခူးပါကိုသိပ်မကြည်ခဲ့ပါဘူး တစ်နေ့ ခူးပါကွတ်ကီးဆိုင်အတွင်းမှာ ဆိုင်ရဲ့အနာဂတ်အဆုံးသတ်သွားနိုင်လောက်တဲ့ လျို့ဝှက်ကိစ္စကြီးတစ်ခုဖြစ်လာတယ်.. ဒီလျို့ဝှက်ကိစ္စကြီးရဲ့တရားခံက ဘယ်သူဖြစ်မလဲ။ တရားခံရဲ့ရည်ရွယ်ချက်ကရော စခရူးမက်ဒက်ခ်လို့နာမည်ပြောင်ပေးထားရလောက်အောင်တစ်မြို့လုံးမကြည်တဲ့သူမကိုပညာပြချင်တာလား ၊ "ခူးပါကွတ်ကီး"လုပ်ငန်းကိုဖျက်ဆီးချင်တာလား ။ ဒါမှမဟုတ် ဒီရည်ရွယ်ချက်နှစ်ချက်စလုံး မဟုတ်နေတာမျိုးရောဖြစ်နေမလား...။ အန်နီခူးပါက ဒီပြဿနာကြီးကို မေပယ်ဝုမြို့သူမြို့သားတွေမသိခင်ဘယ်လိုဖြေရှင်းသွားမလဲ ဘယ်လာကွတ်ကီးဆိုင်ပိုင်ရှင် ဆမ်တို့သားအဖနဲ့ရော ဘယ်လိုရေစက်ဆုံမလဲ "ခူးပါကွတ်ကီး"ဆိုင်ကိုကယ်တင်ဖို့ အတူတူကြိုးစားပေးကြတဲ့သူတွေနဲ့ အန်နီခူးပါရဲ့အလွဲလေးတွေကို ဒီကားထဲမှာ ဟာသဆန်ဆန်တွေ့ရမှာပါ ရိုမန့်ကတော့ပါးပါးလေးပါပါတယ်... ဇာတ်ကားအစကနေ အဆုံးထိကြည့်ချင်အောင်ဆွဲခေါ်သွားနိုင်တဲ့ ၂၀၂၂ထွက်ခရစ္စမတ်ဇာတ်ကားကောင်းအသစ်ပါ။ မင်းသား Victor Webster၊ မင်းသမီး Rachel Boston၊ ကလေးသရုပ်ဆောင် Averie Peters နဲ့ ဟာသသရုပ်ဆောင်များစွာပါဝင်ရိုက်ကူးထားပါတယ်။ File size…(2.02GB) / (`1GB) / (540.41MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:24:00 Genre... Comedy / Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra Zaw
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |