
ဒီဇာတ်ကားကတော့ 2002 နှစ်မှာ ထွက်ရှိခဲ့ပြီး Rap God ဖြစ်တဲ့ Eminem ရဲ့ ဘဝဇာတ်လမ်း အကြောင်းဖြစ်ပြီး ဒါရိုက်တာ Curtis Hanson က ရိုက်ကူးပုံဖော်ထားပါတယ်။Rating တွေ အနေနဲ့က တော့ IMDb မှာ 7/10 ၊ Rotten Tomatoes မှာ 76% နဲ့ Metacritic မှာတော့ 77% ရရှိထားပါတယ်။ဆုတံဆိပ်တွေအနေနဲ့ဆိုရင်လည်း Lose Yourself တေးသီချင်းနဲ့ အကောင်းဆုံးဂီတ၊ မူရင်းသီချင်း အဖြစ် အော်စကာ ၁ ဆု ရရှိခဲ့သည့်အပြင်အခြားဆုပေါင်း ၁၀ ခုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ဒါ့အပြင် ဆုပေါင်း ၁၉ ခုအတွက် စကာတင်စာရင်းမှာလည်း ပါခဲ့ပါသေးတယ်။Biography တစ်ခုဖြစ်ပြီး ဒီလောက်ထိ rating တွေ၊ဆုတံဆိပ်တွေ ဆုပ်ကိုင်ထားနိုင်တာက အတော်လေးအောင်မြင်တယ် ဆိုရ မှာပါ။ ဇာတ်လမ်းအသွားကတော့သူ့တစ်ဘဝလုံးလိုလို ရုန်းကန်နေရတဲ့ လူငယ် rapper လေးတစ်ယောက်က သူ့ရဲ့ နောက်ဆုံးအခွင့်အလမ်းတစ်ခုကို စမ်းချင်နေတာပါ။ဒါပေမယ့် သူ့မှာရှိနေတဲ့ ပြဿနာတွေက သူ့ကို သံသယပွားစေခဲ့ပါတယ်။ သူက လူလွတ်တစ်ယောက်ဖြစ်နေခဲ့ပြီး သူ့မှာအသိဆိုလို့ သူငယ်ချင်း နည်းနည်းနဲ့အရက်စွဲနေတဲ့ အမေရယ်ပဲ ရှိတာပါ။စုတ်ချာလှတဲ့ သူ့ဘဝကနေ လွတ်လမ်းဆိုလို့ သူ့ရဲ့ ပင်ကိုယ်ပါရမီဖြစ်တဲ့ rap ရွတ်တာပဲရှိပါတယ်။တ်ထရိုက်မြို့ခံတွေကတော့ 8 Mile ဆိုတာ မြို့ရဲ့ နယ်နိမိတ်၊ နယ်ခြားမျဉ်း၊ စည်းလို့ပဲ သတ်မှတ်ကြပါတယ်။ ဒါပေမယ့် Jimmy Smith Jr.(Eminem) အတွက်ကတော့ သူ့ရဲ့ ဖြစ်ချင်မှုဆန္ဒတွေဆီကနေ စည်းခြားထားတဲ့ လိုင်းတစ်လိုင်းလည်းဖြစ်နေပါတယ်။ သူ့ရဲ့အခွင့်အလမ်းကို အမိအရယူမလား၊လက်လွတ်အဆုံးရှုံးခံမလားဆိုတာကတော့.... (ဇတ်လမ်းအညွှန်းကိုတော့ ကို Wai Yan M မှ တင်ဆက်ပေးထားတာပါ)ရုပ်ရှင်ကားကို အတက်နိုင်ဆုံး အမှားကင်းအောင် ဘာသာပြန်ပေးထားသူကတော့ Hein Thet Naing ဖြစ်ပြီး အမှားများ ပါရှိပါက ခွင့်လွှတ်နားလည်ပေးကြပါလို့ :D File size…2.21GB/ 949MB Quality…1080p BluRay AAC5.1Ch/ 720p Format…mp4 Duration….1h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Hein Thet Naing
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.2 GB | Download | |
| 720p | 949 MB | Download | |
| 1080p | 2.2 GB | Download | |
| 720p | 949 MB | Download |