
ဒီတစ်ခေါက် တင်ဆက်ပေးမယ့်ကားလေးကတော့ 90 ခုနှစ်ဝန်းကျင်က အသက်မွေးဝမ်းကျောင်းတက္ကသိုလ်လေးခုကြားမှာဖြစ်ခဲ့တဲ့ ပဋိပက္ခဖြစ်ရပ်မှန်အကြောင်းရိုက်ကူးထားတဲ့ကားလေးပါ။ ဆယ်ကျော်သက်အရွယ် သမီးတစ်ယောက်နဲ့ အဖေတစ်ခု သမီးတစ်ခု အခြေအနေကို ရောက်သွားခဲ့ရတဲ့ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်ကျောင်းသားဟောင်း ဘီလီရဲ့ မှတ်ဉာဏ်ကနေ ပြန်လည်ဖော်ပြရိုက်ကူးထားတဲ့ကားလေးဖြစ်ပါတယ်။ အဖေနဲ့သမီး ဆက်ဆံရေးက သိပ်မကောင်းပေမဲ့ ကျောင်းသားလူဆိုးဂိုဏ်းကြောင့် သမီးဖြစ်သူ ထိခိုက်ဒဏ်ရာ ရသွားတဲ့အခါမှာ ဘီလီက သူနဲ့ သူ့သူငယ်ချင်းရဲ့ အတိတ်ကအကြောင်းအရာတွေကို ပြန်အမှတ်ရသွားခဲ့ပါတယ်။ အဲဒီခေတ်အခါတုန်းက အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေကို မျှော်လင့်ချက်ကင်းမဲ့ပြီး အနာဂတ်မရှိတဲ့ နေရာလို့ သတ်မှတ်ထားကြတာပါ။ အမေက နောက်အိမ်ထောင်ပြုပြီး ပထွေးဖြစ်သူ အမုန်းခံနေရတဲ့ ဘီလီအတွက် စိတ်ထွက်ပေါက်ဆိုလို့ သူ့ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေပဲ ရှိခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ကျောင်းနေဖက် ရဲဘော်ရဲဘက်တွေကို ကာကွယ်ဖို့ ဘာမဆိုလုပ်ခဲ့ပြီး ပြဿနာတွေ အများကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ရရင်း အချစ်ဆုံးသူငယ်ချင်းကို ဆုံးရှုံးလိုက်ရတဲ့အခါ ... ယနေ့ထိတိုင် သူပေးဆပ်နေရတဲ့ ဘဝသင်ခန်းစာ ဖြစ်ရပ်မှန်အကြောင်းကို ပြန်လည်ရိုက်ကူးထားတဲ့ 4 Kings ဆိုတဲ့ ဇာတ်လမ်းလေးကို CM ပရိသတ်ကြီးခံစားကြည့်ရှုလိုက်ပါဦးနော် (ဇာတ်လမ်းအညွှန်းကိုတော့ Hnin Pale က ရေးပေးထားတာပါ။) File Size : 3.7GB, 923MB, 421MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL & 480p Format : mp4 Duration : 2hr & 19mins Genre : Action, Crime, Drama Translated by Hnin Pale & Hay Thar Oo Encoded by Kinnov
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 3.7GB | Download | |
| 720p | 923MB | Download |