
ဒီတစ်ခေါက်တော့ Four Horror Tales:Hidden Floor ဆိုတဲ့ Korea Horror ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ single-mother မင်ယောင်ဆိုတဲ့ အမျိုးသမီးဟာ သူ့သမီးလေး ဂျူဟီး နဲ့အတူ တိုက်ခန်းအသစ်တစ်ခုကို ပြောင်းလာတာကနေ အစပြုထားပါတယ်။ ရောက်ရောက်ချင်းမှာပဲ ဒီတိုက်ခန်းအိမ်ယာမှာ လေးလွှာ မထားတာကို မင်ယောင်က သတိထားမိသွားပါတယ်။(လေးဂဏန်းဟာ တရုတ်လို သေခြင်း နဲ့ အသံထွက်ဆင်လို့ နိမိတ်မကောင်းဘူးလို့ ယူဆကြပါတယ်။)မင်ယောင်ကတော့ ဒါတွေကို အယုံအကြည်မရှိတာကြောင့် အမှုမဲ့ အမှတ်မဲ့ပါပဲ။ မင်ယောင်တို့ သားအမိနေတဲ့အခန်းနံပါတ်က (၅၀၄)ပါ။သူတို့အောက်က အခန်းကတော့ (လေးလွှာမရှိတာကြောင့် ) ၃၀၄ ပေါ့။တစ်ရက်ကျ မင်ယောင်တို့ဆီကို အောက်အခန်းက လူက ဒေါသတကြီးနဲ့ရောက်လာပြီး မဆူပူဖို့ ၊ဝုန်းဝုန်းဒိုင်းဒိုင်းတွေ မလုပ်ဖို့ ဒေါသတကြီး လာပြောပါတယ်။မင်ယာင်တို့သားအမိဟာလည်း တိတ်တိတ်ဆိတ်ဆိတ်နေတတ်သူတွေမို့ ဒါမျိုးလာပြောခံရတာကို ထူးထူးဆန်းဆန်းဖြစ်နေပါတယ်။ပိုပြီး ထူးဆန်းတာက ညဘက်ဆိုရင် သူတို့အောက်ခန်းကတောင် (၃၀၄ လို့ ထင်ရတဲ့အခန်းက )ဆူညံသံတွေ ကြားရတာပါပဲ။ သားအမိနှစ်ယောက်ပဲရှိတဲ့ မင်ယောင်ဟာ နေ့ခင်းတွေအလုပ်သွားပြီဆိုရင် သမီးလေးကို အိမ်မှာပဲ တစ်ယောက်တည်းထားခဲ့ရပါတယ်။ဒီလိုထားခဲ့ပြီး ရက်နည်းနည်းကြာတဲ့အခါ ဂျူဟီးလေးဟာ အောက်ထပ်တမံသလင်းကို နားကပ်ပြီး အကြာကြီးနားထောင်နေတာ၊နံရံမှာ နားမလည်နိုင်တဲ့ ပုံတွေလျှောက်ဆွဲတာ စတဲ့ အရင်ကသူမလုပ်ဘူးတဲ့ ထူးထူးဆန်းဆန်းတွေ လုပ်လာပါတယ်။ ဂျူဟီးလေး အဲ့လိုဖြစ်ပြီး တစ်ချိန်တည်းမှာပဲ သူတို့ရဲ့ တိုက်ခန်းအိမ်ယာမှာ လူသေမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာတယ်။ ဂျူဟီးရဲ့ ထူးဆန်းတဲ့ အပြုအမူတွေနဲ့ လူသေမှုတွေဟာ ဘယ်လိုဆက်စပ်နေမလဲ၊သူတို့ အောက်တည့်တည့်က ကြားရတဲ့ အသံတွေဟာ ဘာတွေလဲ၊မေမေ မင်ယောင်ကရော ဒီအဖြစ်အပျက်တွေကြားထဲမှာ ဂျူဟီးလေးကို ဘယ်လို ကာကွယ်ပေးမလဲဆိုတာ ရင်တုန်အသည်းတုန်စွာနဲ့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ IMDB 5.3/10 ရရှိထားပြီး Horror ကားကြိုက်နှစ်သက်သူတွေ ကျောတချမ်းချမ်းနဲ့ စောင့်ကြည့်ရမယ့် ဇာတ်ကားလေးဖြစ်တာကြောင့် ကြည့်ရှူကြဖို့ တိုက်တွန်းချင်ပါတယ်။ (ဘာသာပြန်နှင့် အညွှန်းကတော့ Damien ပဲ ဖြစ်ပါတယ်) File size…1.61GB / 526.3MB Quality…Blu-Ray 1080p/ 720p Format…mp4 Duration….1h 40m Genre ..... Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Damien