
အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ မင်းသားချောလေး ရှာဟစ်ကပူး..အရှေးခန်နားနဲ့ မင်းသမီး ကရီနားကပူးတို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး နာမည်ကြီးဟာသ သရုပ်ဆောင်ကြီးတွေဖြစ်ကြတဲ့ ဂျွန်နီလီဗာနဲ့ ပရေရှ်ရာဝလ်တို့အပြင် တခြားသော သရုပ်ဆောင်ပေါင်းများစွာပါဝင်ထားတဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်... လောကမှာ ငွေမရှိရင် ဘာမှလုပ်လို့မရဘူး ငွေဟာဘုရားသခင်ပဲ ငွေရှိမှအရာအားလုံးပြည့်စုံတာဆိုတဲ့လူအတွက် ခုခံချေပမပြောချင်ပေမယ့် ဒီပိုက်ဆံဟာပဲ လူ့ဘဝသက်တမ်းတစ်လျှောက်လုံးကို စုတ်ပြတ်သပ်သွားအောင် လုပ်နိုင်တဲ့အပြင် လူ့အသက်ကိုပါ ရန်ရှာလာတဲ့ပုံကို ဒီဇာတ်ကားမှာ မြင်တွေ့ရမှာဖြစ်ပါတယ်... ဇာတ်ကားအညွှန်းကိုပြောရမယ်ဆိုရင်... အရမ်းချမ်းသာတဲ့ ကာစီနိုပိုင်ရှင်မလေး ဆိုနီယားကိုမှီတည်ပြီးပြောရမှာပဲ... သူ့မှာ ၁နှစ်ခွဲအရွယ်ပဲရှိသေးတဲ့ သားလေးတစ်ယောက်ရှိပါတယ်..အမေတစ်ခု သားတစ်ခုမို့ သူ့သားလေးကို အသက်သမျှချစ်မြတ်နိုးပါတယ်... ဒါပေမဲ့ သူ့ရဲ့သားလေးပျောက်ဆုံးသွားတာ ရက်တော်တော်ကြာခဲ့ပါပြီ... တစ်ရက်တော့ သတင်းစာထဲမှာ ကြေညာထားတဲ့ သားဖြစ်သူကို ပြန်တွေ့ရင် ဆုတော်ငွေ ၂၅ သိန်းချီးမြှင့်မယ်ဆိုတဲ့သတင်းနဲ့အတူ သူ့သားကို ပြန်ရှာတွေ့တဲ့ အတွဲတစ်တွဲဟာ သားဖြစ်သူကိုပြန်ပေးဖို့အိမ်ကိုလာပါတော့မယ်... အဲ့ဒီနေ့ညမှာတင်ပဲ ဆိုနီယားအသတ်ခံလိုက်ရပါတယ်...။ အသတ်ခံရတဲ့ညအတွင်းမှာ သူမရဲ့နေအိမ်ထဲကို ကိုယ်ပိုင်အကြံအစည်တွေနဲ့ ဝင်ထွက်သွားလာခဲ့သူတွေ အများကြီးရှိနေခဲ့ပါတယ်...။ ကဲ..လူသတ်တရားခံဟာ ဘယ်သူဖြစ်မလဲ...။ ဒီကားရဲ့ဇာတ်လမ်းလေးက အတော်လေး စိတ်ဝင်စားဖို့ကောင်းသလို တစ်ကားလုံး ရင်ဖိုစေမယ့်အပြင် ပဟေဠိတွေကြားထဲက ဟာသလေးတွေလည်းပါတာမို့ ကြည့်ဖြစ်အောင်ကြည့်ပါလို့ တိုက်တွန်းပေးလိုက်ပါတယ်နော်... File size…2.05GB / 1GB Quality…1080p WEBRIP / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Taylor
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.05GB | Download | |
| 720p | 1GB | Download | |
| 1080p | 2.05GB | Download | |
| 720p | 1GB | Download |