![[18+] Introspectum Motel](https://www.channelmyanmar.to/wp-content/uploads/2024/11/MV5BN2YwNGYwYWEtNjU0ZC00NTJiLTk3MzgtN2JkZjQxMTAwYzhkXkEyXkFqcGc@._V1_.jpg)
Introspectum Motel (2021) ဒီ Introspection Motel ဆိုတဲ့ဇာတ်ကားလေးကတော့ ကြည့်တဲ့သူရဲ့ အမြင်ပေါ်မူတည်ပြီး အဓိပ္ပါယ်အမျိုးမျိုးပေါ်လွင်စေမယ့် ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ လူတွေဖောက်ပြန်တဲ့အခါမှာ တဒင်္ဂသာယာမှကြောင့် စိတ်သွားရနောက် ကိုယ်ပါလာတတ်ပေမယ့် နောက်ဆက်တွဲတွေရှိလာတတ်ပါတယ်။ လူ့ကျင့်ဝတ်အရ ဖောက်ပြားပြီးတဲ့အခါမှာ အကျိုးဆက်တွေကို အကြီး အသေး အလျောက်ခံစားကြရပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့အပြစ်ကြောင့် ဝမ်းနည်းပူဆွေးခြင်း၊ နောင်တ အစရှိတာတွေ မရှိလာတဲ့သူတွေ တစ်နည်းအားဖြင့် စိတ်မာကျော ခက်ထန်တဲ့သူအချင်းချင်းတွေ့လာကြတဲ့အခါ ဒေါသ၊ မောဟ အစရှိတဲ့အရာတွေ သံသယအဖန်တလဲလဲထပ်လာတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ ဒါကို ဇာတ်လမ်းရဲ့ နာမည် ဖြစ်တဲ့ introspection ကိုယ့်ကိုကိုယ် ပြန်လည်ဆန်းစစ်ခြင်းလို့ အဓိပ္ပါယ်ရပြီး ဒါကို ဇာတ်လမ်းသဖွယ် ပြန်လည်သရုပ်ဖော်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဇာတ်အိမ်ကိုတော့ အမျိုးသားတစ်ယောက်ကဖောက်ပြန်တဲ့အပေါ် အခြေခံထားတာပါ။ ဖိလစ်လို့ခေါ်တဲ့သူ အလုပ်ကိစ္စနဲ့ အလုပ်ခရီးထွက်ဖို့ဖြစ်လာပါတယ်။ ဒါပေမဲ့ အစည်းအဝေးတက်ဖို့ ခရီးသွားရာကနေ အစည်းအဝေးပျက်သွားတဲ့အခါ အပျော်ရှာဖို့ဖြစ်ပါတော့တယ်။ ဖြစ်ချင်တော့လည်း ဖိလစ်သွားတည်းတဲ့ မိုတယ်ဟာ ဖိလစ်နဲ့ပတ်သက်ပြီး သမိုင်းကြောင်းရှိခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ (အဖော်အချွတ်ခန်းတချို့ပါဝင်တာကြောင့်မိသားစုနဲ့တော့ ကြည့်လို့မရပါဘူး။) Dark Side Production မှ တင်ဆက်သည်။
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.1 GB | Download | |
| 1080p | 1.1 GB | Download | |
| 1080p | 1.1 GB | Download | |
| 1080p | 1.1 GB | Download | |
| 720p | 580 MB | Download | |
| 720p | 580 MB | Download | |
| 720p | 580 MB | Download | |
| 720p | 580 MB | Download | |
| 720p | 580 MB | Download | |
| 720p | 580 MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director