![[18+] Devil in the Flesh](https://www.channelmyanmar.to/wp-content/uploads/2024/07/MV5BYWMyMWU2N2QtNzEzMy00ZDRiLWI2N2EtYTg3NzJjZjkxNjZjXkEyXkFqcGdeQXVyMTY5Nzc4MDY@._V1_FMjpg_UX1000_.jpg)
Devil in the Flesh (1986) Diavolo in corpo ဒီဇာတ်ကားကတော့ အီတလီ ရိုမန့်ဒရမ်မာရုပ်ရှင်ကားဖြစ်ပါတယ်။ မိသားစုနဲ့တော့ ကြည့်လို့မရပါဘူး။ အီတလီရဲ့အချောအလှ မင်းသမီး Rose McGowan နဲ့ မင်းသား Alex McArthur တို့ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့…. စီနီယာ အထက်တန်းကျောင်းသားဖြစ်တဲ့ Andrea ဆိုတဲ့ကောင်လေးဟာ Guilia ဆိုတဲ့ မမကြီးတစ်ယောက်ကို ကျောင်းပြတင်းပေါက်ကနေတွေ့ပြီး စွဲလမ်းသွားခဲ့တယ်။ Guilia မှာက ထောင်ကျနေတဲ့ခင်ပွန်းသည်ရှိပြီး Andrea နဲ့ သူမတို့ဟာ ဘာဘာညာညာဇာတ်လမ်းတွေဆက်ဖြစ်ဖို့ တာစူနေကြပါတယ်။ ထူးဆန်းတာက Guilia ဟာ စိတ်ရောဂါဝေဒနာခံစားရနေသူတစ်ယောက်ပါ။ သူမကို ကုသပေးနေတဲ့ ဆရာဝန်က Andrea ရဲ့အဖေဖြစ်နေပါတယ်။ မကြာခင်မှာပဲ Guilia နဲ့ Andrea တို့ရဲ့ ဆက်ဆံရေးကို Andrea ရဲ့အဖေဖြစ်သူက ရိပ်မိသွားတဲ့အပြင် Guilia ရဲ့ခင်ပွန်းဆိုသူပါ ထောင်ကလွတ်လာတော့မယ်ဆိုတော့ကာ… သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းကြီးဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ……..။ (Dark Side Production မှ တင်ဆက်သည်။)