
10,000 BC (2008) ခရစ်တော်မပေါ်ခင် ဘီစီ ၁၀၀၀၀လောက်က ယာဂါလ်လူမျိုးတွေမှာ ဒဏ္ဍာရီတစ်ခု ပေါ်လာခဲ့ပါတယ်။ အပြာရောင် မျက်လုံးပိုင်ရှင်ဆိုတဲ့ ဒဏ္ဍာရီပေါ့။ ဒီမျက်လုံးပိုင်ရှင်ဟာ နိမ့်ပါးတဲ့ ယာဂါလ်တွေရဲ့ဘဝကို လှံဖြူကိုင်စစ်သည်တော်နဲ့အတူ ကယ်တင်နိုင်မယ်ဆိုတဲ့ဒဏ္ဍာရီပေါ့။ တစ်နေ့မှာ ဒဏ္ဍာရီထဲကလို အပြာရောင်မျက်လုံးပိုင်ရှင် မိန်းကလေး တစ်ဦး တခြားအရပ်ကနေ ယာဂါလ်ဒေသကို ရောက်လာခဲ့ပါတယ်။ သူ့နာမည်ကို အက်ဗိုလက်လို့မှည့်တွင်စေခဲ့ပါတယ်။ သူနဲ့ နီးစပ်မယ့် လှံဖြူကိုင်စစ်သည်တော်ကိုလည်း မန်နက်ခေါ် အမွေးထူဆင်ကြီးကို သတ်နိုင်သူကိုပဲ ရွေးချယ်မှာပါ။ ဒါကြောင့် အက်ဗိုလက်နဲ့ မေတ္တာမျှ နေတဲ့ ဒလေးဆိုတဲ့ ယာဂါလ်သားလေးဟာ အမဲလိုက်ပွဲကို ဝင်နွှဲရင်း စစ်သည်တော်အဖြစ် ဗိုလ်ဝင်ခံခဲ့ပါတယ်။ ဒါပေမဲ့ သူတို့၂ဦးရဲ့ ချစ်ခရီးက ကြာကြာမတည်မြဲခဲ့ဘဲ ခြေ၄ချောင်း နတ်ဆိုးရယ်လို့ ခေါ်တွင်တဲ့လူတွေ ယာဂါလ်တွေဆီ ရောက်လာကြပြီး အက်ဗိုလက်အပါအဝင် ယာဂါလ်လူမျိုးတွေကို ဖမ်းဆီးသွားတဲ့အခါ ဒလေးအနေနဲ့ ချစ်ရသူကိုကယ်ဖို့ အင်မတန်ရှည်လျားတဲ့ စွန့်စားခန်း ခရီးရှည်ကြီးကို စတင်ခဲ့ပါတော့တယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre….. Action, Adventure, Drama Quality…. 1080p | 720p | 480p File size… 1.9GB | 1GB | 487MB Format… mp4 Duration…. 1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ….. JimX Encoder ….. August