
ကရီနာဟာ စာပေတိုက်တစ်ခုရဲ့ အချစ်သရုပ်ဖော်ကဏ္ဍအပိုင်းကို တစ်ယောက်တည်း တာဝန်ယူထားတဲ့ ကလောင်စွမ်းထက်တဲ့ စာရေးဆရာမတစ်ဦးပါ။ နှလုံးသားရေးရာကို အဓိကထားရေးတဲ့စာရေးဆရာမဖြစ်တာကြောင့် သူမဟာ အချစ်ရေးမှာ သူမကိုယ်သူမ ယုံကြည်ချက်အပြည့်ရှိတဲ့သူဖြစ်ပြီး လက်ရှိမှာလည်း တွမ်ဆိုတဲ့ ခပ်ချောချောကောင်လေးနဲ့ တွဲလာတာ ငါးနှစ်တောင်ရှိခဲ့ပါပြီ။ တနေ့မှာတော့ ကြော်ငြာရီဗျူးတွေရေးတဲ့ လီယမ်ဆိုတဲ့လူဟာ သူတို့ရုံးကို အလုပ်ဝင်လာခဲ့ပါတယ်။ ကရီနာဟာ မြင်မြင်ကတည်းက သူ့ကို ကြည့်မရတဲ့ကြားက အထက်လူကြီးက လီယမ်ကို သူ့ကဏ္ဍမှာ နေရာချပေးလိုက်ပါတော့တယ်။ အလုပ်မှာ စိတ်ညစ်ရတဲ့ကြားက ငါးနှစ်တောင် တွဲလာတဲ့ သူ့ကောင်လေးတွမ်က သူ့ကို ဆိုင်းမဆင့် ဗုံမဆင့် လမ်းခွဲသွားပါတော့တယ်။ အချစ်ရေးမှာ ယုံကြည်ချက်ရှိလှပါတယ်ဆိုတဲ့ သူမဟာ ကောင်လေးက လမ်းခွဲသွားတော့ ယုံကြည်ချက်တွေ ပျောက်ဆုံးသွားပါတော့တယ်။ ဒီလိုဖြစ်နေတဲ့အချိန်မှာ လီယမ်က သူမကို တွမ်နဲ့ပြန်အဆင်ပြေအောင် ကူညီပေးမယ်ဆိုပြီးတော့ ပြောလာခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်သား ဌာနရဲ့အလုပ်တွေရော တွမ်ကို ပြန်ရဖို့ရော အတူတူကြိုးစားကြရာကနေ ရင်းနှီးလာကြပြီး သံယောဇဉ်တွယ်လာကြပါတော့တယ်။ တွမ်ဘက်က ဖြစ်ပေါ်လာတဲ့ခံစားချက်ကို သေချာသိပေမယ့် ကရီနာခမျာမှာတော့ တွမ်နဲ့ သူနဲ့ကြားမှာ စိတ်တွေရှုပ်ထွေးပြီး ဝေခွဲမရဖြစ်နေပါတော့တယ်။ ဒီတော့ ကရီနာအနေနဲ့ တွမ်နဲ့ပဲ ပြန်ပေါင်းထုပ်သွားမလား လီယမ့်ရဲ့အချစ်တွေကို မြင်နိုင်သွားမလားဆိုတာက ကြည်နူးစွာ စောင်ကိုက်ပြီးကြည့်ရမှာပါ။ Romance Comedy ဖြစ်တဲ့အတွက် အိပ်ရာထဲမှာ ကော်ဖီလေးတစ်ခွက်နဲ့ အေးအေးဆေးဆေးကြည့်လို့ကောင်းမယ့် ဇာတ်လမ်းအမျိုးအစားလေးပါ။ IMDb မှာ Rating 6/10 ရထားပြီးတော့ 2022 မှ ပူပူနွေးနွေးထွက်ရှိထားတာဖြစ်တဲ့အတွက် ကြည့်ရှုလိုက်ကြပါဦးနော်။ File size…(1.72 GB)/(920 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo