
To All The Boy I loved Before မှာထဲက အားလုံးချစ်ခဲ့ရတဲ့ အငယ်ဆုံးလေးကစ်တီတောင် အထက်တန်းကျောင်းသူကြီးဖြစ်လာခဲ့ပြီ။ ဒါကတော့ကစ်တီရဲ့ကိုယ်ပိုင်ဇာတ်လမ်းပါ။ အစ်မနှစ်ယောက်ကလဲ ဘဝမှာကိုယ်စီကိုယ်စီလမ်းတွေကိုထွက်သွားကြပြီဆိုတော့ ကစ်တီကလဲလမ်းစခင်းပြီပေါ့။ ကစ်တီကတော့ အစ်မတွေလို တက္ကသိုလ်ကျောင်းသူကြီးဖြစ်ဖို့တောင်မစောင့်ပါဘူး။ သူ ပြောသလိုပဲ ကံကြမ္မာပါလာတော့ သူ့အမေပစ္စည်းတွေကိုရှင်းရင်း သူ့အမေက အထက်တန်းကို ကိုးရီးယားက KISS ဆိုတဲ့ကျောင်းမှာတက်ခဲ့တာသိသွားပါလေရော။ နောက်ထပ်ကြမ္မာပါလာတာက ကစ်တီ့ချစ်သူ ဒေး ကလဲ လက်ရှိအဲ့ဒီကျောင်းမှာတက်နေတာ ဖြစ်နေတယ်။ ထပ်ပြီးကြမ္မာပါပြန်ပြီ။ ကစ်တီကလဲအဲ့ဒီကျောင်းကိုလျှောက်လိုက်တာ အနီးကပ်မှစကောလားရှစ်ရသွားပါလေရော။ အဲ့တော့ကစ်တီက ဒါသူနဲ့ဒေးရဲ့ဖူးစာပဲ။ ပြီးတော့သူ့အမေရဲ့ဘဝတစ်စိတ်တစ်ပိုင်းကိုလဲ သိခွင့်ရမယ်ဆိုတဲ့စိတ်နဲ့ ကိုးရီးယားမှာကျောင်းသွားတက်မယ့် ကစ်တီ့ရဲ့စွန့်စားခန်းမှာ ဘာတွေကြုံရမလဲဆိုတာ လိုက်ကြည့်လိုက်ရအောင်။ စုစုပေါင်း ၁၀ ပိုင်း ရှိပြီးတော့ ဆက်တိုက်ဆိုသ်လို တင်ပေးသွားမှာပါ။ အညွှန်းကိုတော့ Rashida က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Rashida, Roman NoX, Mary Christ, Moh Moh တို့ပဲ ဖြစ်ကြပါတယ်။ Genre..... Comedy Quality…. 1080p | 720p File size… 500MB | 200MB Format… mp4 Duration…. 30min Episodes... 10 Episodes Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida, Roman NoX, Mary Christ, Moh Moh Encoder ..... Aaron