
အပိုင်း (၁ )မှ (၁၃၄)စ/ဆုံး ဂျူမုံတည်ထောင်ခဲ့တဲ့ အင်အားကြီးမားတဲ့ ဂိုဂူလျော ပျက်သုန်းပြီးတဲ့နောက်မှာတော့ နှစ်ပေါင်း ၃ဝအကြာမှာ ဂိုဂူလျောကိုဆက်ခံပြီး ကျယ်ပြန့်တဲ့ ဘားဟယ်အင်ပါယာကို တည်ထောင်ခဲ့တဲ့ ဒယ်ဂျိုယောင်းကိုတော့ ကိုးရီးယားစစ်ကား ဝါသနာရှင်တွေ မသိတဲ့သူခပ်ရှားရှားရယ်ပါ။ အင်အားအကြီးဆုံးဖြစ်တဲ့ ထန်နိုင်ငံနဲ့ ဂိုဂူလျော တို့တိုက်ပွဲဖြစ်နေချိန်မှာ ဂိုဂူလျောစစ်သူကြီး ဒယ်ဂျွန်ဆန်းရဲ့သား ဒယ်ဂျိုယောင်းကို စစ်ပွဲကြားမှာ မွေးဖွားခဲ့ပါတယ်။ တစ်ချိန် ဘုရင်ဖြစ်လာလိမ့်မယ်လို့ နမိတ်ဖတ်ခံထားရတဲ့သူပေါ့၊ ဂိုဂူလျောရဲ့ ထိပ်တန်း စစ်သူကြီးဖြစ်တဲ့ ယောင်းဂယ်ဆိုမွန်က ဒီကလေးကို သတ်ဖို့ရည်ရွယ်ခဲ့ပေမယ့် သူတို့မရှိတော့တဲ့တစ်နေ့ နောင်တစ်ချိန် ဂိုဂူလျောက်ုိ ဒီကလေးစောင့်ရှောက်လိမ့်မယ်ဆိုတဲ့ စစ်သူကြီး ယန်းမန်ချွန်းရဲ့စကားကြောင့် အသက်ချမ်းသာပေးခဲ့ပြီး ဒယ်ဂျိုယောင်းလေးကို မွေးဖွားစဉ်ကတည်းက မိခင်နဲ့ခွဲပြီး ယောင်းဂယ်ဆိုမွန်ရဲ့အိမ်မှာ ဂယ်တုံ (ခွေးကောင်လေး) ဆိုတဲ့ နာမည်နဲ့ ကျွန်အဖြစ် ခေါ်ထားခဲ့ပါတယ်။ ယောင်းဂယ်ဆိုမွန်ရဲ့ ကျွန်အဖြစ်ကြီးပြင်းခဲ့ရတဲ့ ဂယ်တုံလေးဟာ သူ့ရဲ့နာမည်အရင်းနဲ့ မိဘတွေကိုသိလိုသူဖြစ်ပြီး စစ်ရေးနဲ့ စာရေးစာဖတ်ကို ကိုယ်တိုင်သင်ယူခဲ့ပါတယ်။ ဒယ်ဂျိုးယောင်းတစ်ယောက် ကျွန်အဖြစ်ကနေ သူရဲကောင်း တစ်ယောက်အဖြစ် ဘယ်လိုကြိုးစားမလဲဆိုတာကိုတော့ ခံ စားကြည့်လိုက်ပါဦး..... အချိုးအကွေ့ အလှည့်အပြောင်းတွေ ဇာတ်လမ်းရဲ့ ဇာတ်ရှိန်အတက်အကျ သူရဲကောင်း ယောကျင်္ားကောင်းတို့ရဲ့လက်ရုံးရည် နှလုံးရည် လွမ်းမောဖွယ် ချစ်ခြင်းေ်မတ္တာ စတဲ့ အင်္ဂါရပ်တွေနဲ့ပြည့်စုံတဲ့ဒယ်ဂျိုယောင်းကားဟာ မြန်မာပရိတ်သတ်တွေရဲ့ အကြိုက်ဖြစ်ခဲ့တယ်... ဒီကားကို ကြည့်ဖူးတဲ့သူတော်တော်များများရှိပါလိမ့်မယ်.. . သို့ပေမယ့်လည်း မိုးရာသီလေးမှာ ခံစားဖို့ရာ ဇာတ်လမ်းတွဲကောင်းလေးမို့ ပြန်လည်တင်ဆက်ပေးလိုက်ရပါသည်. . ဇာတ်လမ်းအညွှန်းကိုတော့ Lwin Lwin Aungကရေးသားပြီး ဇာတ်လမ်းတွဲမြန်မာဘာသာပြန်ဆိုမှုအား Yangon Movie Storeမှကူညီပေးထားပါသည်..... Quality – HDTV Duration – 60 Min (@Episode) Subtitle – Myanmar Hardsub Format – Mp4 Subtitled by – Yangon Movie Store Encoder - Phyo Pyae
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
September 16, 2006
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.0 / 10
Director
Yoon Sung-sik, Kim Jong-Sun