
Reply စီးရီးတွေထဲမှာ လူကြိုက်အများဆုံး ဇာတ်လမ်းတွဲပါ။ Reply စီးရီးတွေက စုစုပေါင်း ၃ ခု ရှိပါတယ်။ Reply 1997, Reply 1994 နဲ့ Reply 1988 တို့ပါ။ ပထမနှစ်ကားကတော့ Channel Myanmar မှာ တင်ခဲ့ပြီးပါပြီ။ ဒါကတော့ Reply စီးရီးတွဲတွေရဲ့ နောက်ဆုံးတွဲပါ။ ၁၉၉၀ ဝန်းကျင်နားတဝိုက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းတွဲတွေကို ဘာလို့ လူကြိုက်များရတာလဲဆိုတော့ .... ၂၀၀၀ အလွန် ခေတ်တွေထက်စာရင် လူသားပိုဆန်ခဲ့ကြလို့ပါပဲ။ ဒီဂျစ်တယ် နည်းပညာ ခေတ်မစားခင် အချိန်ကာလက ဖြစ်တဲ့အတွက် လူလူချင်း ပိုပြီး ရင်းနှီးခင်မင်ခဲ့ကြပါတယ်။ ဒါတွေဟာ ပြန်တွေးကြည့်ရင် လွမ်းမောစရာတွေပါပဲ။ ယခင် Reply ဇာတ်လမ်းတွဲတွေနဲ့ မတူတဲ့အချက်ကတော့ အချစ်ဇာတ်လမ်းကို အနည်းငယ်သာ ထည့်ထားပြီးတော့ ဆိုးလ်မြို့ ဆန်းမွန်ဒုံ ရပ်ကွက်က မိသားစု ၅ စု ရဲ့ အကြောင်းကို ဇာတ်လမ်းဆင်ပြီး ရိုက်ပြထားတာပါ။ မိသားစုအကြောင်းကို အလေးထား တင်ပြထားတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီဇာတ်လမ်းကို ကြည့်မိသူတိုင်း မျက်ရည်လည်ရွဲ ဖြစ်ကြရတာပါ။ သူတို့မိသားစုတွေရဲ့ကြားက ဆက်နွယ်မှုတွေ ဇာတ်လမ်းတွေကို ချိတ်ဆက်ထားပြီး ဇာတ်လမ်းဇာတ်အိမ် ခိုင်ခိုင်မာမာနဲ့ ၁၉၉၀ ဝန်းကျင်က လူနေမှုစရိုက်တွေကို လွမ်းမောဖွယ် ပြန်လည်ခံစားကြရဦးမှာပါ။ ဒီဇာတ်လမ်းထဲက ချွဲထက် ရဲ့ ဇာတ်ကောင်စရိုက်ကတော့ အပြင်မှာ ရှိတဲ့ ဂိုး ကစားသမား လီချန်းဟို ကို အခြေတည်ပြီး ရိုက်ကူးထားတာလို့ ဆိုပါတယ်။ Reply စီးရီးတွေရဲ့ ဒါရိုက်တာ ရှင်းဝန်ဟီး နဲ့ ဇာတ်ညွှန်းရေးဆရာ လီဝူဂျောင်းတို့ အတွဲညီညီနဲ့ ရိုက်ကူးပြီး အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲ နှစ်ခု ရှိပါသေးတယ်။ Prison Playbook နဲ့ Hospital Playlist တို့ပါပဲ။ မျှော်လင့်စရာရှိတာကတော့ Hospital Playlist ကို Season 2 ရိုက်ကူးဖို့ စီစဉ်နေပြီ ဆိုတဲ့ သတင်းပါပဲ။ Channel Myanmar ကတော့ Reply စီးရီးတွေကို အကုန် တင်ထားခဲ့ပေးပါပြီ။ ၁၉၉၀ ဝန်းကျင် နှစ်များဆီကို အလည်တစ်ခေါက်လောက် သွားကြရအောင်ပါ။ Review ကိုတော့ August က ရေးသားပေးထားပါတယ်။ ဘာသာပြန်တွေကတော့ August, YK, Pyae Shan Tun Wai, Thinzar Htet, Htoo Htoo Ka Joe, Thaw, Dolly, MTA, Naw Phoo, Phu Nge Nge Thein, Jerrica, Thet Hnin Su, Hnin Wut Yi တို့ပဲ ဖြစ်ကြပါတယ်။ Encoder - August
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
November 6, 2015
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
8.6 / 10
Director