
ငါစွဲကြီးသူများ ..... ငါပိုင်တဲ့ဟာ ငါ့အရာ ဆိုတာမျိုးက လူ့အပေါ်ယံလွှာ ရေပေါ်ဆီတွေကြားမှာ ရေပန်းစားတဲ့ စကားလုံးပဲ ဖြစ်ပါတယ်။ အတ္တတွေနဲ့ ပြည့်နှက်နေတဲ့ အထက်တန်းလွှာတွေကြားက အားပြိုင်မှုတွေကို တင်ဆက်ထားတဲ့ ဟဲဗီးဒရာမာ ဇာတ်လမ်းတွဲအသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ လောင်ရမှာ ကြိုက်တဲ့ ပရိသတ်ကြီးတွေအတွက် ငရဲမီးကို ဓာတ်ဆီနဲ့လောင်းသလို ခံစားရဦးမယ့် ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ နာမည်ကြီးမင်းသမီးတွေ ဖြစ်တဲ့ Lee Bo Young နဲ့ Kim Seo Hyung အပြိုင်အဆိုင်သရုပ်ဆောင်ထားကြတာ ဖြစ်တဲ့အတွက် အတွဲအစပ်ကတော့ အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကားပါပဲ။ ဆောဟီဆူး( Lee Bo Young)က နာမည်ကြီး သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီးတော့ ချယ်ဘိုမိသားစုရဲ့ ဒုတိယမြောက်သားနဲ့လက်ထပ်ဖို့အတွက် သူအလုပ်အကိုင်ကို စွန့်လွှတ်ခဲ့ပါတယ် ချယ်ဘိုမိသားစု ဟျိုဝန်းကုမ္ပဏီကို လုပ်ကိုင်နေပြီးတော့ အရမ်းကိုချမ်းသာတဲ့မိသားစုတစ်စုလည်းဖြစ်ပါတယ် (ဇာတ်ကားကြည့်ရင်းနဲ့ မျက်ရည်ပါသုတ်ရမယ်နော် ချမ်းသာချက်က) မိသားစုရဲ့ ဒုတိယချွေးမအနေနဲ့ကော ကလေးရဲ့မိထွေးအနေနဲ့ပါ အဲ့မိသားစုထဲဝင်ဆန့်အောင် ကိုယ့်ကိုယ်ကို အကောင်းဆုံးကြိုးစားပြီး နေထိုင်းရင်းနဲ့ တစ်ချိန်တည်းမှာပဲ သူကိုယ်သူပျောက်ဆုံးသလိုခံစားနေရတဲ့ ဆိုဟီဆို ဂျောင်ဆူဟွန်း (Kim Seo Hyung) ကတော့ ပထမသားနဲ့လက်ထပ်ထားတဲ့ ချွေးမကြီးဖြစ်ပြီးတော့ ထက်မြတ်တယ် အလုပ်လုပ်ရင်းလည်းတိကျတယ် မတူညီတဲ့မိသားစုနှစ်စုလာတဲ့ ချွေးမနှစ်ယောက် ညီအစ်ကိုနှစ်ယောက်ကိုလက်ထပ်ပြီးတဲ့နောက်မှာ သူတို့ရဲ့ ပုံစံအစစ်အမှန်ကို ဘယ်လိုရှာဖွေကြမလဲ???? ဆုံးဖြတ်ချက်တွေ ဝေဖန်မှုတွေနဲ့ ပြည့်နှက်တွေနေတဲ့ ဒီလောကကြီးနေ သူတို့ဘယ်လိုရုန်းထွက်ကြမလဲ????? အရမ်းချမ်းသာတဲ့မိသားစုတွေကြား ဘယ်လို ပဋိပက္ခတွေရှိတတ်လဲဆိုတာကို စောင့်ကြည့်ရမဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ် အပိုင်း ၁၆ပိုင်း ပါရှိပြီးတော့ tvN ကနေ အပတ်စဉ် စနေ နဲ့ တနင်္ဂနွေနေ့တိုင်းမှာ ထုတ်လွှင့်သွားမှာပဲ ဖြစ်ပါတယ်။ ဘာသာပြန်တွေကတော့ Lwin Lwin Aung, Moe Pwint, Shwe Pyae, Thet Hnin Hsu တို့ပဲ ဖြစ်ကြပါတယ်။ Encoded by : August Drama: Mine Country: South Korea Episodes: 16 Aired: May 8, 2021 - Jun 27, 2021 Aired On: Saturday, Sunday Original Network: tvN Duration: 1 hr. 10 min. Content Rating: 15+ - Teens 15 or older Quality - 720p Size - 700 MB Subtitle - Myanmar (Hardsub) Translators: Lwin Lwin Aung, Moe Pwint, Shwe Pyae, Thet Hnin Hsu Encoder: August
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။