
အားလုံးစောင့်မျှော်နေကြတဲ့ စီးရီးသစ်လေး Lawless Lawyerကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးကတော့ဥပဒေနဲ့လျှို့ဝျက်သည်းဖိုဆိုင်ရာဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။ အပိုင်း ၁၆ပိုင်းပါဝင်မယ်လို့ ပြောထားပြီး tvN ရုပ်သံလိုင်းကနေ မေလ ၁၂ ရက်နေ့ကနေ ဇွန်လ ၁ ရက်နေ့ထိ စနေ၊တနင်္ဂနွေနေ့တိုင်း ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။ အချစ်ကားတေRoကားတွေနဲ့ငြီးငွေ့နေတဲ့ပရိသတ်ကြီးအတွက်တော့အကြိုက်တွေ့မှာပါ။ ဒီဇာတ်ကားမှာ မင်းသားလီဂျွန်ကီနဲ့ မင်းသမီး ဆိုရီဂျီတို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ အားလုံးရဲ့အချစ်တော် လီဂျွန်ကီ သရုပ်ဆောင်ထားတာမို့ အားလုံးကစိတ်ဝင်စားနေတဲ့စီးရီးဆိုလဲမမှားပါဘူး။ ငယ်ငယ်ကတည်းက မိခင်ဖြစ်သူအသတ်ခံရတာကို မျက်စိရှေ့မှာမြင်တွေ့ခဲ့ရတဲ့ကလေးလေး ဘုံဆောင်းဖီ။ နီးစပ်ရာ ရဲကို အကူအညီတောင်းခဲ့ပေမယ့် ဥပဒေဆိုတာမသမာသူတွေလက်ထဲရောက်ရင်အသုံးမဝင်ဘူးဆိုတာ သိသွားခဲ့တဲ့ သူဟာကြီးလာတော့ ရှေ့နေတစ်ယောက်ဖြစ်လာခဲ့ပြီး မိခင်အတွက်လက်စားချေဖို့စီစဉ်ခဲ့ပါတယ်။ နောက်ပိုင်းဆတ်ဆတ်ထိမခံ ရှေ့နေမလေး ဟာဂျယ်အီနဲ့ ပူးပေါင်းမိကာ အမှုအခင်းတွေကို အများနဲ့မတူတဲ့နည်းလမ်းတွေနဲ့ဘယ်လိုစုံစမ်းဖော်ထုတ်ကြမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ကိုရီးယားစီးရီးကောင်းလေးတွေကိုမျှော်လင့်နေတဲ့CMပရိသတ်ကြီးအတွက်ဒီLawless Lawyerဆိုတဲ့စီးရီးလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ Translator - Aye Mon Kyaw / Carey Nyein / HJ SH /Kyar Phyu Lwn Encoder - Kyaw Ye Aung / Thanhtike Zaw
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
May 12, 2018
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.1 / 10
Director
Kim Jin-min