
21 ရာစုခေတ် ရှေ့နေကားတွေချည်းပဲကြည့်နေရတာ ရိုးလောက်ပြီမို့ ဂျိုဆွန်းခေတ်ရှေ့နေကားလေးပြောင်းကြည့်ရအောင်။ မိဘတွေရဲ့သေဆုံးမှုနဲ့ပတ်သက်ပြီးတာဝန်ရှိသူတွေကို ကလဲ့စားချေချင်တဲ့စိတ်နဲ့ ရှေ့နေဖြစ်လာတဲ့ Kang Han Soo .. ဘုရင့်သမီးတော်တစ်ပါးဖြစ်ပေမယ့် ဖြူစင်တဲ့စိတ်ထားနဲ့ ချို့တဲ့အဖိနှိပ်ခံပြည်သူတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးနေတဲ့ Lee Yeon Joo .. သူတို့နှစ်ယောက်ပေါင်းပြီး ဂျိုဆွန်းပြည်မှာ ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး ခေါင်းပုံဖြတ်နေတဲ့ လူကုံထံတွေ အရာရှိတွေကို ဥပဒေအရဘယ်လိုနှိပ်ကွပ်မလဲဆိုတာ ကြည့်ရမယ့် ဥပဒေရိုမန့်စ်ကားလေးပဲဖြစ်ပါတယ်။ မင်းသားချော Woo Do Hwan ရဲ့ သုံးနှစ်အကြာမှ ပြန် comeback တဲ့ကားဖြစ်သလို မင်းသမီးကလည်း WJSN အဖွဲ့ဝင်လည်းဟုတ် .. အခုထိ ကေဒရာမာဖန်တွေရဲ့ရင်ထဲမှာရှိနေဆဲ Twenty-Five Twenty-One ရဲ့”ဂိုယူရင်း” လည်း ဖြစ်တာမို့ နှစ်ယောက်သား chemistry မမိမှာတော့မပူရပါဘူး။ Quality :1080p WEB DL/ 720p Total Episodes : 16Eps Format : mp4 Genres :Drama Duration : 1h Subtitle : Myanmar Subtitle ( Hardsub ) Translated by Thu Thu~KK~Lai Laii ~Shwe Pyae~Wyne~ K~Kppks Encoded by YK
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
March 31, 2023
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.6 / 10
Director
Kim Seung-ho