
ဒီကားကတော့ ၂၀၀၉ ခုနှစ်ကထွက်ရှိပြီး ယနေ့တိုင် ကိုရီးယားစီးရီးတွေထဲမှာ ထူးခြားချက်များစွာ၊မှတ်တမ်းကောင်းများစွာနဲ့ရပ်တည်နေဆဲဖြစ်ပါတယ်…. ဘတ်ဂျက်အများဆုံးအသုံးစာရင်းဝင်ခဲ့ပြီး ရိုက်ကူးခဲ့တဲ့နေရာတွေကလည်းအတော်များပါတယ်.. .တောင်ကိုရီးယား၊ရုရှား၊ဟန်ဂေရီ၊ဂျပန်၊အမေရိကန်၊ တရုတ်စတဲ့နေရာများမှာရိုက်ကူးခဲ့ပါတယ်…စပိုင် အထူးအေးဂျင့်ကားပီပီ နည်းပညာတွေကိုလည်း အဆင့်မြင့်မြင့်သုံးထားလေတော့ ကျွန်တော့အထင် ယနေ့တိုင် ဘောင်ဝင်တန်းဝင်ဆဲဟုထင်မြင်မိပါသည်..ကြည်နူးဖွယ်ရာအချစ် ပျော်ရွှင်ဖွယ်ရာဟာသတွေလည်းပါလေတော့ ကြည့်ရတာအတော်ကိုကောင်းပါတယ်… ကိုရီးယားစီးရီးတော်တော်များများဟာ အထိုက်အလျောက်ကောင်းမွန်ကြပါတယ်… သို့ပေမယ် စီးရီးရဲ့အလယ်လောက်ရောက်ရင် နည်းနည်းအီသွားတတ်ပြီး ဇတ်သိမ်းပိုင်းရောက်ခါနီးမှ Temp0 တွေပြန်တင်တတ်တဲ့သဘောရှိပါတယ်… ဒီစီးရီးကတော့ အပိုင်းတိုင်းကိုဆွဲဆောင်မှုရှိသလို အဆုံးထိကို မပျင်းမရိနဲ့ကြည့်ရှုရတဲ့စီးရီးဖြစ်ပါတယ်…. တင်ဆက်မှုပိုင်း သရုပ်ဆောင်မှုပိုင်း ဇာတ်လမ်းဇာတ်အိမ်ခိုင်တော့ ဆုတွေလည်းတသီကြီးရသွားတဲ့အပြင် စီးပွားရေးအရလည်း အောင်မြင်မှုရခဲ့ပါတယ် အထူးသဖြင့် ဒီကားရဲ့အဓိကသရုပ်ဆောင် လီဗြောင်ဟွန်းပါ….သူကတော့ ကိုရီးယားရဲ့အမြင့်ဆုံးဇာတ်ဆောင်ဆုရခဲ့ပါတယ်.. လီဗြောင်ဟွန်းဆိုပြီး အမှတ်ရသွားစေတဲ့ကားဆိုလည်းမမှားပါဘူး… ..ပြီးတော့ ဒီကားကိုကြည့်ဖူးတဲ့သူအတော်များသလို နှစ်သက်သဘောကြတဲ့သူတွေလည်းအတော်များမယ်ထင်ပါတယ်… ..မှုန်ဝါးဝါးလေးကြည့်ရတဲ့ခေတ်မယ် ကျွန်တော်တို့တွေ အခွေဆိုင်ကိုပြေးလွှားဝယ်ပြီးကြည့်ခဲ့ရတာပါ … ခုတော့အကြည်လေးနဲ့ပြန်လည်ခံစားချင်သူတွေအတွက်ရော ကြည့်ဖို့အခွင့်မသာခဲ့တဲ့သူတွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်.... File Size…(600 MB) @Episode Quality…HDTV Rip 720p Format…mp4 Duration…00:60:00 @ Episode Subtitle…Myanmar Subtitle(Hardsub) Translated by May Haruko vs Yangon Movie Store Encoder…Phyo Pyae
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
October 14, 2009
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.5 / 10
Director
Yang Yun-ho, Kim Kyu-tae